Tuesday, June 21, 2011

အချစ်သင်ခန်းစာ

အချစ်ကြောင့် အသည်းကွဲပြီး အထီးကျန်မှုကို ခံစားနေရတဲ့မိန်းကလေးတစ်ယောက်ဟာ တောထဲမှာ လမ်းလျှောက်နေတုန်း ဒဏ်ရာရနေတဲ့ သီချင်းဆိုငှက်လေး နှစ်ကောင်ကို တွေ့လိုက်ရတယ်..။ သူမဟာ ငှက်ကလေးတွေကို အိမ်သို့ ယူဆောင်ခဲ့ပြီးတော့ ငှက်လှောင်အိမ်လေးထဲမှာ ထည့်ထားလိုက်တယ်။ သူမရဲ့ ဂရုတစိုက် ကြင်နာစွာစောင့်ရှောက်မှုကြောင့် ငှက်ကလေးတွေဟာ ကျန်မာသန်စွမ်း ကြီးထွားလာကြပြီး မနက်တိုင်း သာယာသောတေးသံလေးများ သီဆိုကာ သူမကို နှုတ်ဆက်တတ်ကြတယ်။ သူမဟာလဲ ငှက်ကလေးတွေ အပေါ် အလွန်ချစ်ခင်ပြီး တစ်သက်လုံး သူမကို သီချင်းလေးတွေ သီဆိုပြနေမယ်လို့ မှတ်ယူထားခဲ့တာပေါ့ ။

Friday, June 17, 2011

Anger & Love have no limits


ဒီနေ့ ဂျာဂျာဖတ်မိတဲ့စာလေးတစ်ပုဒ်ကို နှစ်သက်လို့ တင်လိုက်တာပါ >>>


၎ နှစ်အရွယ်ကလေးတစ်ယောက်က သူ့ဖခင် ကားရေဆေးတဲ့နားရောက်လာပြီး ကားကို သံချွန်နဲ့ ခြစ်နေပါတယ်.. ဒါကို မြင်သွားတဲ့ဖခင်ဟာ အလွန်စိတ်ဆိုးပြီး ကလေးရဲ့လက်ကို ဘယ်နှစ်ကြိမ် ရိုက်မိမှန်း မမှတ်မလောက်အောင် ရိုက်မိသွားခဲ့တယ်...