IM Flash Smiley
Friday, March 18, 2011
Thursday, February 24, 2011
ဝေယံလေး အတွက် မွေးနေ့အမှတ်တရ နှင့် (ဂျာဂျာ) ဆိုတဲ့နာမည်အကြောင်း
ဒီ blog လေးကို ဂျာဂျာ့အမှတ်တရပုံရိပ်များ ဆိုပြီး သူငယ်ချင်းများအတွက် အပျော်လေး ဖန်တီး ထားတာပါ...ကျွန်မရဲ့ ငယ်သူငယ်ချင်းများနဲ့ လုပ်ဖော်ကိုင်ဖက် များက ဂျာဂျာ ဆိုတဲ့ နာမည်ကို သိကြပေမယ့် ခုမှခင်မင်တဲ့သူတွေက ဘာလို့ ဂျာဂျာ လို့ခေါ်တာလဲ မေးကြလို့ ဒီနာမည်လေး အကြောင်း ပြောပြမလို့ပါ။
Tuesday, February 22, 2011
နွယ်ငြိမ်းသို့ (၃)
နွယ်ငြိမ်းကျေးရွာ နှင့် ပြင်ဦးလွင် ခရိုင်၊ စဥ့်ကူးမြို့ အနီးတွင် ဧရာဝတီမြစ်အား ဖြတ်ကျော်သွားနိုင်မည့် နှစ်လမ်းသွားကားလမ်းတံတား ရတနာသိင်္ဃ တံတားကြီး တည်ဆောက်နေတာကိုလဲ တွေ့ရပါတယ်. ၂၀၁၀ ပြည့်နှစ်၊ ဧပြီ ၄ ရက်က ပန္နက်တင် မင်္ဂလာ ပြုလုပ်၍ စတင် တည်ဆောက်ခဲ့သည်ဟု သိရှိရပါတယ်။
Monday, February 21, 2011
နွယ်ငြိမ်းသို့ (၂)
ဂျာဂျာ တို့မောင်နှမတွေ စဉ့်အိုးပြုလုပ်သည်များကို ကြည့်ရှုလေ့လာပြီးနောက် ပန်းအိုးအသေးလေးများ ပြုလုပ်တာကိုလဲ သွားရောက်လေ့လာခဲ့ကြပါတယ်...
တစ်ယောက်က ပန်းအိုးကို ပုံဖော်ပြီး အခြားတစ်ယောက်ကခြေထောက်ဖြင့်
ဆုံကို လည်အောင် လှည့်ပေးနေပုံ
Saturday, February 19, 2011
နွယ်ငြိမ်းသို့ (၁)
ရွှေဘိုင်ခရိုင်၊ ကျောက်မြောင်းမြို့အနား ဧရာဝတီမြစ်ကမ်းဘေးက နွယ်ငြိမ်းကျေးရွာလေးကိုလဲ ရောက်ခဲ့တယ်..။ နွယ်ငြိမ်းဒေသထွက် စဉ့်ပစ္စည်းများဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO စစ်ဆေးမှုအရ ပလတ်စတစ်ပုံးများတွင် ထည့်ထားသော ရေများကဲ့သို့ ဘေးအန္တရာယ်လုံးဝမရှိကြောင်း ထောက်ခံချက်ပေးထားပြီး ခဲဆိပ်သင့်မှုမရှိဘဲ ကာဘွန်ဓာတ် ပါဝင်မှု နည်းပါးကာ မီးဖုတ်ရာတွင် အပူချိန် ၁၂ဝဝ အထိပေးထားရသဖြင့် အဆိပ်အတောက် လဲကင်းစင်ပါတယ်။
Subscribe to:
Posts (Atom)
