အချစ်ကြောင့် အသည်းကွဲပြီး အထီးကျန်မှုကို ခံစားနေရတဲ့မိန်းကလေးတစ်ယောက်ဟာ တောထဲမှာ လမ်းလျှောက်နေတုန်း ဒဏ်ရာရနေတဲ့ သီချင်းဆိုငှက်လေး နှစ်ကောင်ကို တွေ့လိုက်ရတယ်..။ သူမဟာ ငှက်ကလေးတွေကို အိမ်သို့ ယူဆောင်ခဲ့ပြီးတော့ ငှက်လှောင်အိမ်လေးထဲမှာ ထည့်ထားလိုက်တယ်။ သူမရဲ့ ဂရုတစိုက် ကြင်နာစွာစောင့်ရှောက်မှုကြောင့် ငှက်ကလေးတွေဟာ ကျန်မာသန်စွမ်း ကြီးထွားလာကြပြီး မနက်တိုင်း သာယာသောတေးသံလေးများ သီဆိုကာ သူမကို နှုတ်ဆက်တတ်ကြတယ်။ သူမဟာလဲ ငှက်ကလေးတွေ အပေါ် အလွန်ချစ်ခင်ပြီး တစ်သက်လုံး သူမကို သီချင်းလေးတွေ သီဆိုပြနေမယ်လို့ မှတ်ယူထားခဲ့တာပေါ့ ။
Tuesday, June 21, 2011
Friday, June 17, 2011
Anger & Love have no limits
ဒီနေ့ ဂျာဂျာဖတ်မိတဲ့စာလေးတစ်ပုဒ်ကို နှစ်သက်လို့ တင်လိုက်တာပါ >>>
၎ နှစ်အရွယ်ကလေးတစ်ယောက်က သူ့ဖခင် ကားရေဆေးတဲ့နားရောက်လာပြီး ကားကို သံချွန်နဲ့ ခြစ်နေပါတယ်.. ဒါကို မြင်သွားတဲ့ဖခင်ဟာ အလွန်စိတ်ဆိုးပြီး ကလေးရဲ့လက်ကို ဘယ်နှစ်ကြိမ် ရိုက်မိမှန်း မမှတ်မလောက်အောင် ရိုက်မိသွားခဲ့တယ်...
Friday, March 18, 2011
Thursday, February 24, 2011
ဝေယံလေး အတွက် မွေးနေ့အမှတ်တရ နှင့် (ဂျာဂျာ) ဆိုတဲ့နာမည်အကြောင်း
ဒီ blog လေးကို ဂျာဂျာ့အမှတ်တရပုံရိပ်များ ဆိုပြီး သူငယ်ချင်းများအတွက် အပျော်လေး ဖန်တီး ထားတာပါ...ကျွန်မရဲ့ ငယ်သူငယ်ချင်းများနဲ့ လုပ်ဖော်ကိုင်ဖက် များက ဂျာဂျာ ဆိုတဲ့ နာမည်ကို သိကြပေမယ့် ခုမှခင်မင်တဲ့သူတွေက ဘာလို့ ဂျာဂျာ လို့ခေါ်တာလဲ မေးကြလို့ ဒီနာမည်လေး အကြောင်း ပြောပြမလို့ပါ။
Tuesday, February 22, 2011
နွယ်ငြိမ်းသို့ (၃)
နွယ်ငြိမ်းကျေးရွာ နှင့် ပြင်ဦးလွင် ခရိုင်၊ စဥ့်ကူးမြို့ အနီးတွင် ဧရာဝတီမြစ်အား ဖြတ်ကျော်သွားနိုင်မည့် နှစ်လမ်းသွားကားလမ်းတံတား ရတနာသိင်္ဃ တံတားကြီး တည်ဆောက်နေတာကိုလဲ တွေ့ရပါတယ်. ၂၀၁၀ ပြည့်နှစ်၊ ဧပြီ ၄ ရက်က ပန္နက်တင် မင်္ဂလာ ပြုလုပ်၍ စတင် တည်ဆောက်ခဲ့သည်ဟု သိရှိရပါတယ်။
Subscribe to:
Posts (Atom)