Friday, June 17, 2011

Anger & Love have no limits


ဒီနေ့ ဂျာဂျာဖတ်မိတဲ့စာလေးတစ်ပုဒ်ကို နှစ်သက်လို့ တင်လိုက်တာပါ >>>


၎ နှစ်အရွယ်ကလေးတစ်ယောက်က သူ့ဖခင် ကားရေဆေးတဲ့နားရောက်လာပြီး ကားကို သံချွန်နဲ့ ခြစ်နေပါတယ်.. ဒါကို မြင်သွားတဲ့ဖခင်ဟာ အလွန်စိတ်ဆိုးပြီး ကလေးရဲ့လက်ကို ဘယ်နှစ်ကြိမ် ရိုက်မိမှန်း မမှတ်မလောက်အောင် ရိုက်မိသွားခဲ့တယ်...

ဆေးရုံကိုရောက်လို့ ကလေးလက်ကို စစ်ဆေးကြည့်တဲ့အခါ လက်ချောင်းလေးများ သုံးမရအောင် ပျက်စီးသွားခဲ့ပါတယ်..

ကလေးဟာ..သူ့ဖခင်ကို နာကျင်ခံစားနေရတဲ့ မျက်ဝန်းလေးများနှင့်ကြည့်ပြီး..." ဖေဖေ သားလက်လေးတွေ ဘယ်တော့ ပြန်ကောင်းလာမလဲလို့ " မေးလိုက်ပါတယ်..
သူ့ ဖခင်လဲ စကားပြန်မပြောနိုင်လောက်အောင် အရမ်းစိတ်ထိခိုက်သွားခဲ့တယ်..

ဖခင်ဟာ အိမ်ပြန်ရောက်တော့ ကားထားတဲ့နေရာသွားပြီး ကားကို အကြိမ်များစွာ ကန်ကျောက်လိုက်ပါတယ်..အဲဒီနောက်သူ့သား ခြစ်ထားတဲ့အရာများကို  သေချာသွားကြည့်လိုက်တဲ့အခါ တွေ့လိုက်ရတာကတော့ .....................................

" LOVE YOU DAD "   တဲ့

No comments:

Post a Comment