Tuesday, June 21, 2011

အချစ်သင်ခန်းစာ

အချစ်ကြောင့် အသည်းကွဲပြီး အထီးကျန်မှုကို ခံစားနေရတဲ့မိန်းကလေးတစ်ယောက်ဟာ တောထဲမှာ လမ်းလျှောက်နေတုန်း ဒဏ်ရာရနေတဲ့ သီချင်းဆိုငှက်လေး နှစ်ကောင်ကို တွေ့လိုက်ရတယ်..။ သူမဟာ ငှက်ကလေးတွေကို အိမ်သို့ ယူဆောင်ခဲ့ပြီးတော့ ငှက်လှောင်အိမ်လေးထဲမှာ ထည့်ထားလိုက်တယ်။ သူမရဲ့ ဂရုတစိုက် ကြင်နာစွာစောင့်ရှောက်မှုကြောင့် ငှက်ကလေးတွေဟာ ကျန်မာသန်စွမ်း ကြီးထွားလာကြပြီး မနက်တိုင်း သာယာသောတေးသံလေးများ သီဆိုကာ သူမကို နှုတ်ဆက်တတ်ကြတယ်။ သူမဟာလဲ ငှက်ကလေးတွေ အပေါ် အလွန်ချစ်ခင်ပြီး တစ်သက်လုံး သူမကို သီချင်းလေးတွေ သီဆိုပြနေမယ်လို့ မှတ်ယူထားခဲ့တာပေါ့ ။

တစ်နေ့မှာ ငှက်လှောင်အိမ်တံခါးလေးကို ပိတ်ဖို့ သူမ မေ့သွားခဲ့တယ်။ ငှက်ကလေးတစ်ကောင်ဟာ လှောင်အိမ် အပြင်ဘက်ကို ပျံသန်းလာခဲ့ပြီး သူမ အနားမှာ ပျံဝဲနေတာကို တွေ့လိုက်ရတဲ့ သူမဟာ စိုးရိမ်စိတ်များနှင့် ငှက်ကလေးတွေ သူမကို ပစ်ပြီး အဝေးကို ထွက်ခွာ သွားမှာကို ထိတ်လန့်ပူပန်ကာ သွေးရူးတန်းရူးနဲ့ အနီးနားမှာ ပျံဝဲနေတဲ့ငှက်ကလေးကို လှမ်းဖမ်းယူလိုက်ပြီး လွတ်သွားမှာ ကြောက်လန့်စိတ်နဲ့ လက်ထဲမှာ တအားဆုပ်ကိုင်ထားခဲ့တယ်။ အဲဒီနောက် သူမ ခံစားလိုက်ရတာက ပျော့ခွေနေတဲ့ ငှက်ကလေးရဲ့ ခန္ဓာကိုယ်လေးကိုပါပဲ ။ သူမ လက်ကို ဖွင့်ကြည့်လိုက်တဲ့အခါမှာ သေဆုံးနေတဲ့ ငှက်ကလေးကို တွေ့လိုက်ရတယ်။ သူမရဲ့ကြမ်းတမ်းစွာ ဖမ်းဆုပ်မှုကြောင့် ငှက်ကလေးဟာ သေဆုံးသွားခဲ့ရပါပြီ။

ငှက်အိမ်လေးရဲ့ အ၀မှာ ကျန်ရှိနေသေးတဲ့ နောက်ငှက်ကလေးတစ်ကောင်ကို သူမကြည့်ပြီး လွတ်လပ်ခွင့် ပေးချင်တဲ့ဆန္ဒ ပေါ်လာခဲ့တယ်။ ငှက်ကလေးဟာလဲ ကောင်းကင်ပြာထဲမှာ လွတ်လပ်မှု ပျော်ရွှင်မှု နဲ့အတူ ပျံသန်းချင်ရှာမှာပဲ ဆိုတဲ့အတွေး သူမဆီ ၀င်လာခဲ့တယ်။ အဲဒါနဲ့ သူမဟာ ငှက်ကလေးကို လှောင်အိမ်ထဲကနေ ထုတ်ပြီး ညှင်သာစွာ လေထဲကို မြှောက်ပေးလိုက်ပါတယ်။

ငှက်ကလေးဟာ သူမနားမှာ တစ်ကြိမ် ၊ နှစ်ကြိမ်၊ သုံးကြိမ် လှည့်ပတ်ပျံသန်းနေခဲ့တယ်။ ငှက်ကလေးရဲ့ ပျော်ရွှင်မှုကို ကြည့်ပြီး သူမလဲ ကျေနပ်နှစ်သိမ့်ကြည်နူးဝမ်းသာ နေခဲ့တယ်။ သူမဟာ ငှက်ကလေးကို ဆုံးရှုံးရတော့မယ်ဆိုတဲ့ စိုးရိမ်ကြောင့်ကြမှုအစား ငှက်ကလေးရဲ့ ပျော်ရွှင်မှုကို ပဲ လိုလားခဲ့တော့တယ်။ အဲဒီအချိန်မှာ ငှက်ကလေးဟာ သူမရဲ့ ပခုံးပေါ်ညှင်သာစွာ ပျံသန်းလာခဲ့ပြီး အလွန်သာယာတဲ့ တေးသွားလေးကို သီဆိုပြခဲ့တယ်။ အဲဒီတေးသံလေးကို သူမဟာ အမြဲတမ်း ကြားယောင် နေတော့မှာပါ ..................

" အချစ်ကို အမြန်ဆုံး ဆုံးရှုံးစေတာက သူ့ကို တင်းကျပ်စွာ ချုပ်ကိုင်ထားခြင်းကြောင့်ဖြစ်ပြီး >>> အချစ်ကို အကောင်းဆုံး ထိန်းသိမ်းနိုင်တဲ့ နည်းလမ်းကတော့ သူ့ကို လွတ်လပ်စွာ ပျံသန်းခွင့်ပေးလိုက်တာပါပဲ တဲ့ "


” The fastest way to lose love is to hold on too tight, the best way to keep love is to give it — WINGS! “

1 comment:

  1. စာသားတွေသိပ်ကောင်းတယ်မ

    ReplyDelete