Saturday, February 19, 2011

နွယ်ငြိမ်းသို့ (၁)

ရွှေဘိုင်ခရိုင်၊ ကျောက်မြောင်းမြို့အနား ဧရာဝတီမြစ်ကမ်းဘေးက နွယ်ငြိမ်းကျေးရွာလေးကိုလဲ ရောက်ခဲ့တယ်..။ နွယ်ငြိမ်းဒေသထွက် စဉ့်ပစ္စည်းများဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO စစ်ဆေးမှုအရ ပလတ်စတစ်ပုံးများတွင် ထည့်ထားသော ရေများကဲ့သို့ ဘေးအန္တရာယ်လုံးဝမရှိကြောင်း ထောက်ခံချက်ပေးထားပြီး ခဲဆိပ်သင့်မှုမရှိဘဲ ကာဘွန်ဓာတ် ပါဝင်မှု နည်းပါးကာ မီးဖုတ်ရာတွင် အပူချိန် ၁၂ဝဝ အထိပေးထားရသဖြင့် အဆိပ်အတောက် လဲကင်းစင်ပါတယ်။

 ကျောက်မြောင်းမြို့အ၀င် ဆိုင်းဘုတ်

နွယ်ငြိမ်းရွာထဲသို့

စဉ့်အိုးလုပ်ငန်းခွင် တစ်နေရာ

စဉ့်အိုးလုပ်ရာတွင် အပေါ်တစ်ခြမ်း အောက်တစ်ခြမ်း သက်သက်ပြုလုပ်ပြီးမှ အပေါ်အောက် ပြန်ဆက်ပြီး အချောပြန်လုပ်ရသည်ဟု သိရပါသည်။




အပေါ်အောက် ဆက်ပြီး စဉ့်အိုးကို အချောမကိုင်မီ နှင့် အချောကိုင်ပြီး တွေ့ရပုံ 


ရေအိုးပတ်လည် အလှဆင်


အိုးများကို မီးဖုတ်သည့်လှိုဏ်



မီးဖုတ်ပြီး အိုးများကို စဉ့်သုတ်ကာ နေပူလှန်းထားခြင်း

စိတ်ဝင်တစား ဂျာဂျာ့ မောင်နှမများ


ရေအိုးအတွင်းထဲသို့ စဉ့်သုတ်နေပုံ


စဉ့်ခြောက်သွေ့စေရန် နေပူပြရသည့်အပြင် အိုးအတွင်း မီးအပူပေး၍လည်း အခြောက်ခံကြသည်


စဉ့်ရေခြောက်သွေ့ပြီး အသုံးပြုနိုင်သော အိုးများ

စဉ့်အိုး သယ်ယူပို့ဆောင်ရေးယာဉ်
 

စဉ့်အိုးများဖြင့် အလှဆင်ထားသော လမ်း


No comments:

Post a Comment