![]() |
မြန်မာ့ရိုးရာရွှေဘိုသနပ်ခါး |
ရွှေဘိုမြို့နယ်မှထွက်သော “ရွှေဘိုသနပ်ခါး” သည် မြန်မာအမျိုးသမီးတို့၏ ပါးမို့ထက်တွင် ဂုဏ်ထည်စွာ နေရာယူလေ့ရှိပေသည်။ ၀ါညက်ဝင်း၍ မွှေးရနံ့သင်းသော ရွှေဘိုသနပ်ခါးကို ထက်အောက် အညာအကြေတွင် မြတ်နိုးသူများလဲပေါလှပါတယ်..၊
ရွှေဘိုသနပ်ခါးသည် နာမည်ကျော် တော်ဝင်သနပ်ခါး ဖြစ်ခဲ့ပေသည်။ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ၏ လက်ထက်တော်က ရွှေဘိုခရိုင်ရှိ ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်း “သီဟတော” ဘုရား၏ အောက်ဘက်နှစ်မိုင်ခန့်အကွာတွင် ရှေးက “သိန်းကတောနယ်မြေ” ဟူသောနယ်မြေတစ်ကွက်ရှိ၏ “သီဟတော” ဘုရားနယ်ပယ်လှူဒါန်းရန်အတွက် ရွှေကြိုးသတ်မှတ်ရာတွင် ဘုရားဝတ္တကမြေအတွင်းမပါရှိဘဲ ကွက်ကျန်နေသည့်အတွက် “တစ်ကွက်” ဟုတွင်ခဲ့သည့်နေရာမှာ ယခုအခါ ကာလရွေ့လျော၍ “ကဗွက်” ဟုခေါ်သောရွာဖြစ်နေပေပြီ။
ယင်းနယ်မြေမှ အကောင်းဆုံး သနပ်ခါး “နန်းသုံးတော်ဝင်သနပ်ခါး” ထွက်သည်ဟု ရွှေနန်းတော်ကြီးက အသိအမှတ်ပြုခံခဲ့ရသည့် အထောက်အထားများရှိခဲ့သည်။ ကဗွက်ရွာနှင့် တဆက်တည်းရှိသည့် ကုတ်တက်ရွာအနီး နွားချေးတောင်တွင် ပေါက်သော သနပ်ခါးများသည် အပွေးနီဝါရောင်ရှိ၍ရနံ့ အလွန်မွှေးထုံသဖြင့် “သိန်းကတော” တိုက်သူကြီးမင်းက ယင်းသနပ်ခါးများကို ခုတ်ယူစုဆောင်းပြီး ပြည်ရွှေဘို နန်းတော်တွင်းသို့ ဆက်သွင်းခဲ့ရသည်ဟု သိရပါသည်။
![]() |
ဂျာဂျာကတော့ ငယ်ငယ်တုန်းကနေ ခုထိ ရွှေဘိုသနပ်ခါးပဲ.. :D |
ယောက်ျားလေးပေမဲ့ အကိုကလည်း ငယ်ငယ်ကတည်းက အခုချိန်ထိ သနပ်ခါးကို ကြိုက်ဆဲပါပဲ ညီမရေ။ အခြေအနေ နေရာဒေသကြောင့်သာ အရင်ကလို မလိမ်းဖြစ်တော့တာ။ အရင်ကဆို ရေချိုးပြီးလည်း လိမ်းရမှ ၊ အိပ်ခါနီးလည်း လိမ်းအိပ်ရမှ အဲဒီလောက်ကို နှစ်သက်တယ်။ တစ်ခု ရှိတာကတော့ အကိုက သနပ်ခါးကို အပွေးကုန်နေတဲ့ အသားတုံးတွေကိုပဲ သွေးလိမ်းတာ များတယ်။ အသားအေးတာပေါ့။
ReplyDeletehttp://allbloggerposts.blogspot.com/ ဒီနေရာမှာလည်း လင့်ချိတ်ထားလိုက်တယ် ညီမရေ။
ပျော်ရွှင်ပါစေ။
ကိုဇော်
လာအားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်..ကိုဇော်. ထင်တောင်မထားဘူး
ReplyDeleteကိုဇော့်စာတွေတော့ အမြဲဖတ်ဖြစ်တယ်...
ကျေးဇူးနော်..
သနပ်ခါးဆိုတာ မြန်မာတို့ ရဲ့အသည်းဆိုရင်
ReplyDeleteဒေါ်လေးဂျာလည်းကြိုက်မှာပေါ့နော်.....
ကျနော်လာအားပေးသွားတယ်နော်....
ဆက်ပြီးကြိုးစားပါ ....
လာအားပေးသွားတဲ့
ကိုအောင်သာ