Tuesday, February 22, 2011

နွယ်ငြိမ်းသို့ (၃)

နွယ်ငြိမ်းကျေးရွာ နှင့် ပြင်ဦးလွင် ခရိုင်၊ စဥ့်ကူးမြို့ အနီးတွင် ဧရာဝတီမြစ်အား ဖြတ်ကျော်သွားနိုင်မည့် နှစ်လမ်းသွားကားလမ်းတံတား ရတနာသိင်္ဃ တံတားကြီး တည်ဆောက်နေတာကိုလဲ တွေ့ရပါတယ်.  ၂၀၁၀ ပြည့်နှစ်၊ ဧပြီ ၄ ရက်က ပန္နက်တင် မင်္ဂလာ ပြုလုပ်၍ စတင် တည်ဆောက်ခဲ့သည်ဟု သိရှိရပါတယ်။

၎င်း ရတနာသိင်္ဃတံတားကြီး တည်ဆောက်ပြီးစီးသွားပါက ဧရာဝတီမြစ် အရှေ့ဘက်ကမ်း စဥ့်ကူးမြို့မှ တစ် ဆင့် မန္တလေး၊ မတ္တရာ၊ ဗန်းမော်မြစ် ကြီးနားလမ်း သို့ ရောက်ရှိပြီး ဖော့တော လမ်းဆုံ မှ မဘိန်းသို့ လည်း ကောင်း၊ ကွင်းငယ် လမ်းဆုံမှ မိုးမိတ် သို့ လည်းကောင်း၊ ငါးအို လမ်းဆုံမှ မဘိန်းသို့ လည်းကောင်း ဆက်သွယ် သွားလာနိုင်ပြီဖြစ်ပါတယ်။

ထို့ အတူ ဧရာဝတီမြစ် အနောက်ဘက်ကမ်းရှိ နွယ်ငြိမ်း၊ ကျောက်မြောင်း၊ ရွှေဘို မှ တစ်ဆင့် မန္တလေး၊ ရွှေဘို၊ မြစ်ကြီး နားသို့ လည်းကောင်း၊ ရွှေဘို၊ ခင်ဦး၊ ရေဦး၊ ကလေးဝ လမ်းသို့ လည်းကောင်း၊ ရွှေဘို၊ အရာတော်၊ မုံရွာ၊ ယာကြီး၊ ကလေးဝ၊ ကလေးမြို့များမှတစ်ဆင့် ချင်းပြည်နယ် သို့ လည်းကောင်း လွယ်ကူစွာသွားလာ နိုင်မည်ဖြစ်ပါသည်။

ဂျာဂျာတို့ကို တည်ခင်းဧည့်ခံသည့် လက်ဖက်သုပ်နှင့် ငှက်ပျောသီး
ကောင်းမှကောင်း 

စဉ့်ရေသုတ်ပြီး အလှဆင်ထားသည့် အိမ်လေး

အရွယ်အစားစုံ ဒီဇိုင်းစုံ စဉ့်ပစ္စည်းများ

ဧရာဝတီမြစ်ကို ဇက်ဖြင့် ကူးကာ တကူးတက လာရောက်တွေ့ပြီး 
သွားချင်တဲ့နေရာတိုင်း မညီးမညူလိုက်ပို့ပေးတဲ့ ဂျာဂျာ့ မောင်ဝမ်းကွဲနှင့် အမှတ်တရ

တာ့တာ (ပြန်လာခဲ့ပြီ)

1 comment:

  1. Angelhlaing....လ္ဘက် သုပ် စားချင်တယ်ဗျို့...

    ReplyDelete