ရွှေဘိုမြို့သမိုင်း
ရွှေဘိုမြို့သည်စစ်ကိုင်းတိုင်းအတွင်းရှိ မြို့ဖြစ်ပြီး မြန်မာတို့၏ နောက်ဆုံးမင်းဆက်ဖြစ်သည့် ကုန်းဘောင်ခေတ် ၊ကုန်းဘောင်မင်းဆက်၏ စတင်ရာဒေသ အဖြစ်ကျော်ကြားပေသည်။ လက်ရှိတွင် စစ်ကိုင်းတိုင်းအတွင်းရှိ ခရိုင်ရုံးစိုက်ရာမြို့များ အနက် တစ်မြို့လည်းဖြစ်သည်။
ကုန်းဘောင်မင်းဆက်၏ ပထမဆုံး နန်းစိုက်ရာမြို့ဖြစ်သည့်အတွက် မြို့အမည်မှာလည်း ၅ မျိုးတိတိရှိပေသည်။ မူလရွာအဖြစ်ရှိစဉ်က အမည်ဖြစ်သည့် မုဆိုးဘို(မုဆိုးဖို)၊ ရွှေဘို ၊ ရန်ကြီးအောင် ၊ကုန်းဘောင်၊ ရတနာသိင်္ဃ တို့ဖြစ်သည်။ ထိုအမည်များကို အောက်ပါ ကဗျာအတိုင်း အလွယ်မှတ်သားနိုင်သည်။
ရန်ကြီးအောင်၊ ကုန်းဘောင်ခ
ငါးမည်ရ ပြည်ရွှေဘို
မုဆိုးဘို ရန်ပြိုတဲ့ နာသိင်္ဃ(ရတနာ သိင်္ဃ)
ဘိုးတော်ဒေသ။
စာသားများကို http://wikimyanmar.co.cc မှကူးယူဖော်ပြသည်.....
![]() |
ရွှေဘိုမြို့အ၀င် မုဉ်ဦး |
![]() |
မြို့တွင်းတစ်နေရာက ဦးအောင်ဇေယျ ရုပ်တု |
အောင်မြေဘုရားသို့ >>>
![]() |
မဟာအောင်မြေ ဆုတောင်းပြည့်မြတ်စွာဘုရား |
![]() |
မဟာအောင်မြေ ဗိမာန်တော် |
![]() |
ပုဂံမင်းတို့၏ အနွယ်ဖြစ်သော တောင်သူကြီး ဦးအောင်ဇေယျသည် ထူးခြားသောကုန်းမြေပေါ်မှာ ကြန့်ကြန့်ခံ၍ ရန်သူကျားကို အနိုင်ယူလိုက်သော သမင်ကို မြင်ရသဖြင့် ပထမအကြီမ် အံ့သြနေပုံ |
![]() |
ဦးအောင်ဇေယျသည် ထူးခြားသောကုန်းမြေပေါ်မှာ ကြန့်ကြန့်ခံ၍ ရန်သူမြွေကြီးအား အနိုင်ယူလိုက်သော ဖားကို မြင်ရသဖြင့် ဒုတိယအကြီမ် အံ့သြနေပုံ |
![]() |
ယင်းထူးခြားသောကုန်းမြေကို ရှေးအစဉ်အဆက်က တိမ်မြုပ်နေသော သမိုင်းဝင်အောင်မြေ ဖြစ်ရမည်ဟု သဘောပေါက် ယုံကြည်လျှက် အောင်မြေကို နင်းပြီး စစ်ရေးပြင်ဆင်နေပုံ |
![]() |
အလောင်းမင်းတရားကြီးသည် သက္ကရာဇ် ၁၁၂၁ ခုနှစ် ပြာသိုလဆန်း(၃) ရက် ၊ သောကြာနေ့တွင် ရန်ကုန်မြို့မှ ရေကြောင်းချီ၍ အယုဒ္ဓယမြို့သို့ စစ်ချီတော်မူခန်း |
![]() |
အလောင်းမင်းတရားကြီးဘွဲ့ကို ခံယူတော်မူသော ဦးအောင်ဇေယျသည် အောင်မြေကို နင်းလျှက် အောင်ပွဲကိုဆင်နွှဲခဲ့ရာ ရန်သူတို့က အရှုံးပေး၍ သစ္စာခံယူနေကြပုံ |
![]() |
ဂျာဂျာလဲ အောင်မြေနင်းခဲ့တယ်နော်....:D |
အောင်မြေမော်ကွန်း
- ဥသြအော်မည် ကုန်းဘောင်တည်ဟု သမိုင်းတွင်ဆို မုဆိုးဘိုသည် သပြေညိုပန်း ရွှေဘိုနန်းနှင့် စခန်းအောင်မြေရှိရာပေတည့်။
- နန္ဒာကန်မင်း တည်ထားခြင်းကြောင့် ရေသွင်းယာလည် သီးနှံကြွယ်လျှက်၊ ရွှေဝါစပါး လွန်ပေါများဘိ။
- မောဓောမြင်သာ စေတီမဟာနှင့် ဝေးနယ်ထင်ရှား စေတီများသည် ဘုရားသာသနာ ထွန်းပရာဟု သက်သေပြု၏ ။
- အလောင်းမင်းတရား တည်ထားကုန်းဘောင် သမိုင်းပြောင်သည့် ရန်မျိုးအောင်ရာ ဤနေရာတွင် အောင်မြေကိုနင်း ဆောင်ရွက်ခြင်းကြောင့် အောင်ခြင်းမင်္ဂလာ ပြည့်စုံစွာဖြင့် အောင်ပွဲရာထောင် အောင်ကျိုးဆောင်မည့် နောင်လူအများသိစေသတည်း ။
Good tal.
ReplyDeleteThanks for information of one city of our country.
MayThu
Good တယ်ဆို ဆက်လက်အားပေးအုံးနော်
ReplyDeleteလာရောက်ဖတ်ဂှုသွားပါကြောင်း။ ဆက်လက် အားပေးမည်ဖြစ်ပါကြောင်း။
ReplyDelete