ဒီ blog လေးကို ဂျာဂျာ့အမှတ်တရပုံရိပ်များ ဆိုပြီး သူငယ်ချင်းများအတွက် အပျော်လေး ဖန်တီး ထားတာပါ...ကျွန်မရဲ့ ငယ်သူငယ်ချင်းများနဲ့ လုပ်ဖော်ကိုင်ဖက် များက ဂျာဂျာ ဆိုတဲ့ နာမည်ကို သိကြပေမယ့် ခုမှခင်မင်တဲ့သူတွေက ဘာလို့ ဂျာဂျာ လို့ခေါ်တာလဲ မေးကြလို့ ဒီနာမည်လေး အကြောင်း ပြောပြမလို့ပါ။
ကျွန်မကို ရွှေဘိုခရိုင် ၊ သီးလုံးကျေးရွာလေးမှာ မွေးဖွားခဲ့တာပါ..ကျွန်မ အဘိုးရဲ့ ညီ လူပျိုကြီးလဲ ဖြစ်တဲ့ ဦးရှိန်က မွေးပြီးပြီး ကျွန်မကို ကြည့်ပြီး အသားညိုပြီး ကုလားမလေး နဲ့တူလို့ တဲ့ “ ဂျလာ ” ဆိုပြီး စခေါ်ခဲ့ပါတယ်.. ဦးရှိန်ပေးတဲ့ နာမည်အတိုင်း တစ်ရွာလုံးက သူတို့နှစ်သက်တဲ့ပုံစံအတိုင်း အမျိုးမျိုး ခေါ်ခဲ့ကြတယ်။။။ တစ်ချို့က “ ဂျလာ ” ...တစ်ချို့ကကျတော့ “ ချလာ ” တဲ့..ကျွန်မ ဦးလေး တစ်ယောက်ကကျတော့ “ မယ်ချလာ ” လို့ခေါ်တယ်၊ အစ်မတွေကတော့ “ မိဂျာ” တဲ့....ကျွန်မထက် အငယ်လေးတွေကတော့ “ မမဂျလာ ” လို့ခေါ်ကြတယ်။
ဦးရှိန်က နာမည်အပြောင် အပေးကောင်းသူပါ... သူပေးတဲ့ နာမည်တိုင်းဟာလဲ လူတိုင်းမှာ အသက်ကြီးတဲ့ အထိ တွင်သွားကြတာပဲ ကျွန်မ ဦးလေးတစ်ယောက်ကို အရမ်းဆော့လို့ “ မျောက်ကျိုး ” တဲ့။ နောက်တစ်ယောက် ကိုကျတော့ အသံပြဲလို့ “ အော်စတူး ” တဲ့.။ အဒေါ်တစ်ယောက်ကျတော့ အသားမည်းလို့ “ မိတူး ” လို့ပေးထားတယ် ။ နောက် ညီမလေးတစ်ယောက်ကျတော့ အသားညိုတယ် မျက်နှာက ပြားပြားလေ..ဖြစ်နေလို့ ..“ ဗျားညို ” တဲ့.။ သူ့မောင်လေးကိုကျတော့ မျက်နှာခွက်ခွက်လေးမို့လို့ “ ဖန်ခွက် ” တဲ့။ နောက်မောင်လေးတစ်ယောက်ကျတော့ အသားဖြူပြီး တရုတ်လေးနဲ့တူလို့ “ ဟန်ကွမ်း ” လို့ပေးထားတယ်။
ကျွန်မ ၃ နှစ်သမီး လောက်မှာ ရန်ကုန်ကို မိသားစုလိုက် ပြောင်းရွှေ့အချေကျ နေထိုင်ခဲ့ကြပါတယ်။ အဖေရယ် အမေရယ်..မောင်လေးရယ်ပေါ့။ ကျွန်မ(၅)တန်းကျောင်းသူအရွယ်မှာ အိမ်ပြောင်းတော့ အိမ်ရှေ့အိမ်မှာ ချစ်စရာကလေးလေး နှစ်ယောက်ရှိပါတယ်..။ လသားအရွယ်မောင်နှစ်မ ၀မ်းကွဲလေးတွေပါ ။ ကလေးငယ်လေး မရှိတဲ့ အိမ်မှာ သူတို့နှစ်ယောက်က အသည်းစွဲပေါ့။ ဒီကလေးတွေ စကားပြောတတ်စအရွယ်ရောက်လာတဲ့အခါ ကျွန်မကို ဘယ်လိုခေါ်ခိုင်းရမလဲ စဉ်းစားမိတော့ ကျွန်မနှစ်သက်တဲ့ ငယ်နာမည်လေး ကိုခေါ်ခိုင်းမယ်ပေါ့။ ကလေးတွေ ခေါ်ရလွယ်အောင် “ ဂျလာ ” ဆိုတာကို “ ဂျာဂျာ ” လို့အတိုတောက် နဲ့ကလေးတွေကို ခေါ်တတ်အောင် သင်ပေးတော့တာပဲ.. အဲဒီကလေးတွေက စပြီး “ ဂျာဂျာ ” လို့ခေါ်လိုက်တာ နောက် သူတို့မိသားစု တစ်စုလုံး ၊ ကျွန်မတို့ အိမ်နီးနားချင်း ၊ တစ်လမ်းလုံးက လူကြီး ၊ လူငယ်၊ ကလေးတွေက အစ “ ဂျာဂျာ ” ပဲခေါ်ကြတော့တယ် ။
ကဲ အဲဒီက စပြီး “ ဂျာဂျာ ” ဆိုတဲ့ နာမည်လေး ဖြစ်လာတာပါ
ကျွန်မ အမေက သားယောကျာ်းလေး ချစ်တတ်တဲ့သူဆိုတော့ မောင်လေးကို သူ့ရဲ့သား အငယ်ဆုံးလေး တစ်ယောက်လို အရမ်းချစ်ပါတယ်။
ဒီပိုစ့်လေးနဲ့ ဆက်စပ်ပြီးတော့ ဒီနေ့ဟာ ထူးခြားတဲ့နေ့လေးလဲ ဖြစ်ပါတယ်.. ဘာလို့လဲဆိုတော့ (24-02-2011 ) က ကျွန်မရဲ့မောင်လေး (ထက်ဝေယံအောင်) ၁၉ နှစ်ပြည့်တဲ့ နေ့မို့လို့ပါ...
၁၉ နှစ်တောင် ပြည့်သွားပြီဖြစ်တဲ့ မောင်လေး
ဒီပုံလေးတွေကတော့ ဂျာဂျာ လို့ စခေါ်ကြတဲ့ ချစ်စရာ မောင်နှစ်မ နှစ်ယောက်ရဲ့ပုံလေးတွေပါ...
ကျွန်မ အမေက သားယောကျာ်းလေး ချစ်တတ်တဲ့သူဆိုတော့ မောင်လေးကို သူ့ရဲ့သား အငယ်ဆုံးလေး တစ်ယောက်လို အရမ်းချစ်ပါတယ်။
မောင်လေးငယ်ငယ်တုန်းကပုံလေးတွေ
ဒီပိုစ့်လေးနဲ့ ဆက်စပ်ပြီးတော့ ဒီနေ့ဟာ ထူးခြားတဲ့နေ့လေးလဲ ဖြစ်ပါတယ်.. ဘာလို့လဲဆိုတော့ (24-02-2011 ) က ကျွန်မရဲ့မောင်လေး (ထက်ဝေယံအောင်) ၁၉ နှစ်ပြည့်တဲ့ နေ့မို့လို့ပါ...
၁၉ နှစ်တောင် ပြည့်သွားပြီဖြစ်တဲ့ မောင်လေး
Hope you have the greatest Birthday ever! Wishing you all the fun and excitement that only birthdays can bring,
*** Happy Birthday ***
အော်.. ဒေါ်ဂျာဂျာ ရယ်။ ဖြစ်မှ ဖြစ်ရလေကွယ်။ နာမည်က ဒီလို ရလာတယ်တဲ့လား။ အော်-- ဂျာဂျာ ၊ ဂျာဂျာ။
ReplyDeleteဟုတ်ပ..ဟုတ်ပ
ReplyDeleteဒေါ်စုမ ရေ :P
ကိုလွှမ်းမိုးဆိုထားတဲ့ "မအေးရယ် ချစ်လို.ပါကွယ်" သီချင်းလေးကိုကြားတိုင်း တစ်ယောက်သောသူကို သတိရနေတယ်။ ပဲပြုတ်သည် ဆိုတဲ့ သံကြားတိုင်း တစ်ယောက်သောသူကို သတိရနေတယ်။ အရပ်မြင့်မြင့် မြင်တိုင်း တစ်ယောက်သောသူကို သတိရနေတယ်။ အသားညိုညို မြင်တိုင်း တစ်ယောက်သောသူကို သတိရနေတယ်။ ဓါတ်ပုံ တွေ.တိုင်း တစ်ယောက်သောသူကို သတိရနေတယ်။ ၈ လပိုင်းရောက်တိုင်း တစ်ယောက်သောသူကို သတိရနေတယ်။ သတိရစရာတွေကတော့ အများသား။ အခု အချိန်မရတော့လို. နောက်မှပဲ ထပ်ရေးတော့မယ်နော် ဂျာဂျာ။
ReplyDeleteဂျာဂျာ ကိုပဲဒီလောက်တောင် သတိရနေရင် ဟိုတစ်ယောက်သောသူကို ဘယ်အချိန်သွားသတိရလဲ...အင်း...သိနေတယ်နော်
ReplyDeleteဘယ်အချိန်သွားသတိ၇တာလဲဟင်
ReplyDelete